
Junior Duck (ဘဲလေး) စားသောက်ဆိုင်ကို ၅.၃.၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ VIP ဆိပ်ကမ်းဖြစ်တဲ့ နန်းသီတာ အဆောက်အဦးရဲ့ အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်ခါက အဖျော်ယမကာ၊ အကင်၊ အသုပ် နှင့် နှုတ်မြိန်စာ အချို့ကိုသာ ညနေခင်းတစ်ပိုင်း ဘားပုံစံဖြင့် ရောင်းခဲ့တာ ဖြစ်ပါတယ်။Tourism သင်္ဘောများ ဆိုက်ရောက်သော ဆိပ်ကမ်းဖြစ်ပြီး ရန်ကုန်မြစ်ရဲ့ ညနေဆည်းဆာကို ကြည့်ရှုခံစားနိုင်၍ နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်ပါတယ်။
၁၉၉၈ တွင် အောက်ထပ်ခန်းမကို ဖွင့်လှစ်ပြီး နေ့လယ်စာပါ ရောင်းချခဲ့တာ ယခုချိန်ထိပဲဖြစ်ပါတယ်။ အောက်ထပ်ခန်းမတွင် ကလေးကစားကွင်းငယ်ပါရှိပြီး ကလေးငယ်ပါသော မိသားစုဧည့်သည်များက မိမိရဲ့ ကလေးငယ်များ မျက်စိရှေ့မှာတင် ပျော်ရွှင်စွာ ဆော့ကစားသည်ကို တွေ့မြင်နိုင်၍ ကြိုက်နှစ်သက်ကြပါတယ်။

နန်းသီတာအဆောက်အဦး၊
ပန်းဆိုးတန်း ဆိပ်ကမ်းဝင်း၊
ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်။