
ရွှေဘဲ (မန္တလေး) ဆိုင်ခွဲကို ၁၈.၂.၁၉၉၇ ခုနှစ်တွင် မန္တလေးမြို့ရဲ့ သမိုင်းဝင် အထင်ကရ နန်းမြို့ရိုး ကျုံး နှင့် မျက်နှာချင်းဆိုင် လမ်း(၈၀)x(၁၆)လမ်း ထောင့်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
သီးသန့်အခန်းများ ရှိတဲ့အပြင် ယခုလက်ရှိမှာ(၃)ထပ် အဆောက်အဦးကို အပေါ်ဆုံးထပ်ထိ ဓါတ်လှေကား တပ်ဆင်ပေးထားပြီး သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွား များလည်း အလွယ်တကူလာရောက်သုံးဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ကလေးငယ်များအတွက် အိမ်ပြန်လက်ဆောင် ဘောလုံးလေးတွေ ပေးတာကလည်း ရွှေဘဲ (မန္တလေး)မှာပဲရှိတဲ့ ဝန်ဆောင်မှုလေး ဖြစ်ပါတယ်။
ရွှေဘဲ ရောက်ရင် “ဘဲကင်” စားရမှ ဆိုသလို ရွှေဘဲ(မန္တလေး) ဆိုင်ရောက်ရင် ဘဲကင် အပြင် နောက်ထပ် နာမည်ကြီးဟင်းလျာဖြစ်တဲ့ “အသားစုံရွှေဖရုံသီးပေါင်း” ကလည်း မဖြစ်မနေ မှာစားရမယ့် Signature ဟင်းလျာပဲ ဖြစ်ပါတယ်။ (ရန်ကုန်ဆိုင်ခွဲတွေမှာ မရနိုင်တဲ့ ဟင်းလျာလည်း ဖြစ်ပါတယ်။)
ရွှေမန္တလေး ရဲ့ နန်းမြို့ရိုးအလှ၊ ကျုံးအလှ နှင့် မန္တလေးတောင် ရဲ့ သဘာဝအလှ တို့ကို ကြည့်ရှုခံစားနိုင်၍ နိုင်ငံခြားခရီးသွားများ အရမ်းကြိုက်နှစ်သက်ကြပြီး မန္တလေးမြို့ကိုလာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို tour ကုမ္ပဏီများက အထူးတည်ခင်း ဧည့်ခံကြတဲ့ ဆိုင်ဖြစ်ပါတယ်။

အမှတ်(၁၉၂)၊ လမ်း ၈၀ x ၁၆ လမ်းထောင့်၊
အောင်မြေသာဇံမြို့နယ်၊
မန္တလေး။