
ရွှေဘဲ (ကန်တော်မင်) ဆိုင်ခွဲကို ယခင် ရှမ်းကန် အမည်ဖြင့် ၁၉၉၅ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး ၁၆.၇.၂၀၀၈ ခုနှစ်မှာ ရွှေဘဲ (ကန်တော်မင်) အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကန်တော်မင်္ဂလာ(ဦးဥတ္တမ) ပန်းခြံဝင်းအတွင်းတွင် တည်ရှိ၍ ရွှေဘဲ (ကန်တော်မင်) ဟု ခေါ်တွင် ခဲ့ပါတယ်။
ရွှေဘဲ (ကန်တော်မင်)ရဲ့ ထူးခြားချက်ကတော့ မြန်မာပြည်ရဲ့ အထင်ကရ ဖြစ်တဲ့ ရွှေတိဂုံဘုရားကို ဖူးမြင်ရခြင်းကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ အများဆုံး လာရောက်သုံးဆောင်ကြတဲ့ ဆိုင်ခွဲဖြစ်ပါတယ်။ ပန်းခြံဝင်း ဖြစ်တဲ့အတွက် မိသားစုအပန်းဖြေရင်း လာရောက် သုံးဆောင်နိုင်၍ ကြိုက်နှစ်သက်ကြပါတယ်။ Car parking ကျယ်ဝန်းခြင်း၊ သွားလာရအချက်အချာကျခြင်း၊ သီးသန့်အခန်းများရှိခြင်း၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲများ ကျင်းပနိုင်ခြင်း၊ ပြင်ပပွဲများ လက်ခံပြုလုပ်ပေးခြင်းများ အပြင် ရွှေဘဲ ဆိုင်ခွဲများထဲမှာ Authentic Coffee menu ရနိုင်တဲ့ ဆိုင်ခွဲပဲ ဖြစ်ပါတယ်။

ကန်တော်မင်္ဂလာ(ဦးဥတ္တမ)ပန်းခြံဝင်း၊
ရွှေတိဂုံဘုရား တောင်ဘက်မုဒ်အနီး၊
ဦးဝိစာရလမ်း၊
ရန်ကုန်။