ရွှေဘဲ အကြောင်း
အထူးဟင်းလျာ
ဆိုင်ခွဲများ
မွေးမြူရေးခြံလုပ်ငန်းများ
EN
|
MM
ရွှေဘဲ အကြောင်း
အထူးဟင်းလျာ
ဆိုင်ခွဲများ
မွေးမြူရေးခြံလုပ်ငန်းများ
EN
|
MM
ရွှေဘဲ
Group of Restaurants
ကျွန်ုပ်တို့၏အကြောင်း
၁၉၇၉ ခုနစ်၊ မတ်လ (၁၃)ရက်နေ့တွင် မူလရွှေဘဲ စားသောက်ဆိုင်ကို ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာကျသော နေရာတစ်ခုဖြစ်တဲ့ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင် ဦးစွာ စတင်ဖွင့်လှစ်ခဲ့ပါသည်။
ထို့အပြင် ရွှေဘဲ မိသားစုသည် မြန်မာနိုင်ငံရဲ့ မြို့ကြီးများ ဖြစ်တဲ့ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မတူညီသော အမည်ခွဲများဖြင့် စားသောက်ဆိုင် (၈)ဆိုင်ကို ဖွင့်လှစ်ထားပါသည်။
စတင် ဖွင့်လှစ်ချိန်မှစ၍ ယခုအချိန်ထိ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ရွှေဘဲ မိသားစု စားသောက်ဆိုင်လုပ်ငန်းကြီးသည် ထူးခြားကောင်းမွန်သော ဘဲကင်၊ တရုတ်-မြန်မာပေါင်းစပ် ဟင်းလျာများ၏ အရည်အသွေးနှင့် ဝန်ဆောင်မှုများကြောင့် မြန်မာနိုင်ငံတွင် လူသိများကျော်ကြားသော စားသောက်ဆိုင်လုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ခံယူချက်
အကောင်းဆုံးသော အရည်အသွေးနှင့် ဝန်ဆောင်မှုကို သင့်လျော်သော စျေးနှုန်းဖြင့် ပေးအပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ ရပ်ရွာအတွင်းရှိ လူနေမှုဘဝများအား မြှင့်တင်ပေးနိုင်စေရန် ဆောင်ရွက်သွားပါမည်။
ကျွန်ုပ်တို့၏ ဦးတည်ချက်
မြန်မာနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာနယ်ပယ်တွင် စွန့်ဦးတီထွင်သူအဖြစ် ဦးဆောင်ရင်း လူအများ၏ ပျော်ရွှင်မှုကို နေ့စဉ်ယူဆောင်လာပေးနိုင်ရန်။
ကျွန်ုပ်တို့၏ မှတ်တိုင်များ
နှစ်များတစ်လျှောက်တွင် ကျွန်ုပ်တို့ ရွှေဘဲ မိသားစုသည် အဖိုးတန်စားသုံးသူများအတွက် ပိုမိုကောင်းမွန်သော အစားအသောက် အရည်အသွေးကို ချဲ့ထွင်ပေးနိုင်ရန် ဘဲခြံလုပ်ငန်းများနှင့် စားသောက်ဆိုင်များကို ရန်ကုန်နှင့် မန္တလေးမြို့ နေရာအနှံ့အပြားတွင် တိုးချဲ့လုပ်ဆောင် ဖွင့်လှစ်ခဲ့ပါသည်။
ရွှေဘဲ
ရွှေဘုံသာ
၁၉၇၉
၁၉၉၅
ဘဲလေး
နန်းသီတာ
သင်အာ
လမ်းမတော်
၁၉၉၆
၁၉၉၇
ရွှေဘဲ
မန္တလေး
ရွှေဘဲ
(၈) မိုင်
၂၀၀၄
၂၀၀၈
ရွှေဘဲ
ကန်တော်မင်
မွေးမြူရေးခြံ
ပုလဲ
၂၀၁၀
၂၀၁၁
ရွှေဘဲ
ဆရာစံ
မွေးမြူရေးခြံ
ညောင်နှစ်ပင်
၂၀၁၃
၂၀၁၆
The Palace by Golden Duck
မန္တလေး
မွေးမြူရေးခြံ
တွံတေး
၂၀၂၃
၂၀၂၄
မွေးမြူရေးခြံ
တိုက်ကြီး
၁၉၇၉
ရွှေဘဲ
ရွှေဘုံသာ
၁၉၉၅
ဘဲလေး
နန်းသီတာ
၁၉၉၆
သင်အာ
လမ်းမတော်
၁၉၉၇
ရွှေဘဲ
မန္တလေး
၂၀၀၄
ရွှေဘဲ
(၈) မိုင်
၂၀၀၈
ရွှေဘဲ
ကန်တော်မင်
၂၀၁၀
မွေးမြူရေးခြံ
ပုလဲ
၂၀၁၁
ရွှေဘဲ
ဆရာစံ
၂၀၁၃
မွေးမြူရေးခြံ
ညောင်နှစ်ပင်
၂၀၁၆
The Palace by Golden Duck
မန္တလေး
၂၀၂၃
မွေးမြူရေးခြံ
တွံတေး
၂၀၂၄
မွေးမြူရေးခြံ
တိုက်ကြီး
ကျွန်ုပ်တို့၏ လုပ်ငန်းမူဝါဒ
၁
အထူးကောင်းမွန်ခြင်း
အရည်အသွေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ခြင်း။
၂
ကောင်းမွန်သော ဆက်ဆံရေးများရှိခြင်း
ကျွန်ုပ်တို့၏ စားသုံးသူများ၊ ပြည်သူများ၊ လူမှုအသိုင်းအဝိုင်းများအတွက် ကောင်းမွန်သော ဆက်ဆံရေးများ ထားရှိခြင်း။
၃
နှိမ့်ချခြင်း
စိတ်ရှည်ခြင်း၊ အလေးထားခြင်း၊ ရိုးသားခြင်းနှင့် သစ္စာရှိခြင်း။
၄
သင်ယူခြင်း
ဗဟုသုတများကို အစဉ်အမြဲရှာဖွေနေပြီး ပိုမိုချဲ့ထွင်နိုင်ရန် ရည်မှန်းချက်များ ထားရှိခြင်း။
၅
မြှင့်တင်ခြင်း
ဒေသန္တရ စားသောက်မှု အတွေ့အကြုံ မြှင့်တင်ပေးခြင်း။
ရွှေဘဲ ၏ ချစ်စရာကောင်းသော “ကိုဦး”
“ကိုဦး” သည် ရွှေဘဲ ၏ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော အရောင်းမန်နေဂျာတစ်ဦး ဖြစ်ပါသည်။
ဖော်ရွေပျူငှာသော “ကိုဦး” သည် ၎င်းနှင့် ဆက်ဆံသူတိုင်းအတွက် ပျော်ရွှင်မှုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ယူဆောင်ပေးနိုင်သော ကိုယ်ရည်ကိုယ်သွေးရှိပါသည်။
“ကိုဦး” သည် အရောင်းပိုင်းတွင်လဲ ပြိုင်ဘက်ကင်းသော စွမ်းရည်ရှိပြီး စားသုံးသူများနှင့် ဆက်ဆံရာတွင် ချစ်စရာကောင်းပြီး အမှတ်တရဖြစ်စေသော ဝန်ဆောင်မှုမျိုးကို ပေးစွမ်းနိုင်ပါသည်။
မွေးမြူရေးခြံလုပ်ငန်းများ
“ရွှေဘဲ” ၏ ဘဲကင်ကုန်ကြမ်းကို ယခင်က ကုန်သည်များထံမှ သွင်းယူခြင်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ ၁.၉.၂၀၁၀ ခုနှစ်တွင် ဧက (၂၀) ကျယ်ဝန်းသော စည်ပင်ဧရိယာတွင် သုတေသန မွေးမြူအဆင့်အနေဖြင့် စတင်မွေးမြူခဲ့ပါသည်။ ပြည်တွင်းမျိုးစိတ်မှ တစ်ဆင့် ပြည်ပဘဲမျိူးစိတ် ချယ်ရီဘယ်လီ ဘဲမျိုးစိတ်ကို ဘဲရုံ (၁၀)ရုံ ဖြင့် မွေးမြူခဲ့ပါသည်။
ထို့နောက် ၂.၁.၂၀၁၃ ခုနှစ်တွင် (၆၂)ဧက ကျယ်ဝန်းသော ညောင်နှစ်ပင်ဘဲခြံကို အသားတိုးဘဲ (၁၆)ရုံ၊ မျိုးဘဲ (၁၂)ရုံ၊ ဘဲဥဖောက်စက် (၁၀)ခု ဖြင့် လည်ပတ်ခဲ့ပါသည်။
ဈေးကွက်လိုအပ်ချက်အရ ၅.၁.၂၀၂၃ ခုနှစ်တွင် (၁၃)ဧက ကျယ်ဝန်းသော တိုးချဲ့မွေးမြူရေးဇုံ (တွံတေး) တွင် တရားဝင် ဌားရမ်းပြီး အသားတိုးဘဲခြံ (၉)ရုံ ကို ထပ်မံချဲ့ထွင် မွေးမြူထားပါသည်။
၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ကျွန်ုပ်တို့၏ ဘဲကင်ကုန်ကြမ်း လိုအပ်ချက်များ ဖြည့်ဆည်းရန် တိုက်ကြီးဘဲခြံအသစ်ကို လုပ်ဆောင်နေပြီ ဖြစ်ပါသည်။
ပုလဲဘဲခြံ
ညောင်နှစ်ပင်ဘဲခြံ
တိုးချဲ့မွေးမြူရေးဇုံ(တွံတေး)
တိုက်ကြီးဘဲခြံ
Signature ဟင်းလျာများ
ကျွန်ုပ်တို့၏ စားသောက်ဆိုင်များနှင့် လေးစားရသော စားဖိုမှူးများသည် ထူးခြားသော တရုတ်-မြန်မာ ပေါင်းစပ်အစားအစာ ယဉ်ကျေးမှုကို ထင်ဟပ်စေသော ဟင်းလျာများကို ဖန်တီးရာတွင် ရှေ့ဆောင်များအဖြစ် လူသိများပါသည်။
ဘဲကင်
ရွှေဘဲ Signature “ဘဲကင်” ၏ ထူးခြားချက်က မွှေးကြိုင်သော ရနံ့ နှင့် ဆော့စ် အရသာပါ။
ရွှေဘဲ “ဘဲကင်” ကို ဘဲကင်အချဉ် တစ်မျိုးတည်းနှင့်သာ တည်ခင်းပေးပါသည်။
ရှယ်ဘဲကင်
ပုံမှန်ဘဲကင် ထက် အရွယ်အစားပိုကြီး၊ အသားပိုပြည့်ပြီး အသားများများစားချင်သူများအတွက် “ရှယ်ဘဲကင်”
ရွှေဘုံသာ၊ ကန်တော်မင်၊ ဆရာစံ၊ (၈)မိုင် နှင့် Junior Duck (ဘဲလေး) ဆိုင်ခွဲများတွင်သာ ရပါသည်။
ဘဲခြေသုပ်
ရွှေဘဲ ရဲ့ Signature "ဘဲခြေသုပ်" က ချဉ်စပ်အရသာဖြစ်ပြီး ထမင်းနှင့်ဖြစ်စေ အမြည်းအနေနဲ့ဖြစ်စေ သုံးဆောင်နိုင်ပါသည်။
ငါးရှဉ့်ခြောက်စပ်
ရွှေဘဲ ရဲ့ ငါးရှဉ့်ဟင်းလျာများစွာထဲမှ ဧည့်သည်တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာသော appetizer “ငါးရှဉ့်ခြောက်စပ်"
ရွှေဘဲ မှ တစ်ဆင့် လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး စားသောက်ဆိုင်တိုင်း ရဲ့ menu ထဲတွင် နေရာယူလာသည်အထိ popular ဖြစ်သွားသော ဟင်းလျာ ဖြစ်ပါသည်။
ဝက်သားပေါင်း
နူးအိနေသော ဝက်သားသုံးထပ်သား ဟင်းလျာသည် တရုတ်ဟင်းလျာ Mei Cai Kou Rou မှ ဆင်းသက်လာခြင်းဖြစ်ပြီး ရွှေဘဲတွင် “ဝက်သားပေါင်း” ဟင်းလျာအဖြစ် နာမည်ကြီးပါသည်။
အာလူးအဆာသွတ်
ရွှေဘဲ စားဖိုမှူးကြီးမှ ၁၉၉၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော appetizer “အာလူးအဆာသွတ်”
ကလေး၊ လူကြီးအားလုံး ကြိုက်နှစ်သက်သော Menu ဖြစ်ပြီး ရွှေဘဲ(ရွှေဘုံသာ) နှင့် သင်အာ ဆိုင်ခွဲတွင် မရသော Menu ဖြစ်ပါသည်။
ကြက်ကုန်းဘောင်
“ကြက်ကုန်းဘောင်” ဟင်းလျာက တရုတ်စားသောက်ဆိုင်တိုင်းမှာ ရှိပေမဲ့ ရွှေဘဲ ကုန်းဘောင်ဟင်းလျာ စတိုင်က ရိုးရှင်းပြီး အရသာထိမိသောကြောင့် နာမည်ကြီးပါသည်။
ခေါက်ဆွဲကြော်
တရုတ်ခေါက်ဆွဲလုံးကြီးကို သုံးထားပြီး အနံ့ရသည်နှင့် ရွှေဘဲ ခေါက်ဆွဲကြော် ဟု သိသာစေသည်အထိ နာမည်ဂုဏ်သတင်းကြီးသော “ခေါက်ဆွဲကြော်” ဖြစ်ပါသည်။
( မန္တလေး နှင့် သင်အာ ဆိုင်ခွဲတွင် ပုံစံကွဲပြားပါသည် )
အသားစုံရွှေဖရုံသီးပေါင်း
ရွှေဘဲ(မန္တလေး) ဆိုင်ခွဲ၏ Signature ဟင်းလျာဖြစ်ပြီး ပင်လယ်စာ၊ ကြက်သား၊ အသီးအရွက်ကို ရွှေဖရုံသီးထဲတွင် ထည့်ပေါင်းထားသော လူကြိုက်များဟင်းလျာတစ်ခုဖြစ်ပါသည်။
မန္တလေး ဆိုင်ခွဲ၏ Signature ဟင်းလျာဖြစ်သည့်အတွက် “ရွှေဘဲ(မန္တလေး)နှင့် The Palace by Golden Duck” တွင်သာရနိုင်ပါသည်။
ဆိုင်ခွဲများ
ရွှေဘဲ
(ရွှေဘုံသာ)
ကြည့်ရန်
ဘဲလေး
(နန်းသီတာ)
ကြည့်ရန်
သင်အာ
(လမ်းမတော်)
ကြည့်ရန်
Private Room Available
ရွှေဘဲ
(မန္တလေး)
ကြည့်ရန်
Private Room Available
ရွှေဘဲ
(၈) မိုင်
ကြည့်ရန်
Private Room Available
ရွှေဘဲ
(ကန်တော်မင်)
ကြည့်ရန်
Private Room Available
ရွှေဘဲ
(ဆရာစံ)
ကြည့်ရန်
Private Room Available
The Palace by Golden Duck
ကြည့်ရန်
Follow us on:
ရွှေဘဲ အကြောင်း
အထူးဟင်းလျာ
ဆိုင်ခွဲများ
မွေးမြူရေးခြံလုပ်ငန်းများ
ဆက်သွယ်ရန်
ရွှေဘဲ အကြောင်း
အထူးဟင်းလျာ
ဆိုင်ခွဲများ
မွေးမြူရေးခြံလုပ်ငန်းများ
ဆက်သွယ်ရန်
[gravityform id="1" title="false"]
calendar-o
chevron-left
chevron-right
cross-circle
arrow_drop_up