
၁၉၇၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် မူလပထမ ရွှေဘဲ စားသောက်ဆိုင် ကို ကမ်းနားလမ်း နှင့် ရွှေဘုံသာလမ်းထိပ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရွှေဘုံသာ ရွှေဘဲ ဟု ခေါ်ဆိုကြသလို လမ်း(၃၀)နှင့် နီး၍ လမ်း(၃၀) ရွှေဘဲ ဟုလည်း မှတ်ယူ ခေါ်တွင် ကြပါတယ်။ ရွှေဘဲ ရဲ့ အဓိကအစားအစာက “ရွှေဘဲ” ဆိုတဲ့အတိုင်း Signature “ဘဲကင်”နှင့် တရုတ်-မြန်မာ ပေါင်းစပ်ဟင်းလျာများပဲ ဖြစ်ပါတယ်။ ရွှေဘဲ ဘဲကင် ကို အချိုးကျကျ ရောစပ်ထားတဲ့ ငရုတ်အချဉ်ရည် တစ်မျိုးတည်းနှင့်သာ တည်ခင်းပေးတာ ဖြစ်ပါတယ်။
“ဘဲကင်” ရဲ့ အရည်အသွေးကို အမြဲအလေးထား ဆောင်ရွက်ခဲ့တာကြောင့် “ဘဲကင်” ဆိုတာနှင့် “ရွှေဘဲ” ကိုတွဲသိကြပါတယ်။ ဘဲကင် နှင့်အတူ လူကြိုက်များသော နာမည်ကြီး ရွှေဘဲ ဟင်းလျာများက ကုန်းဘောင်ကြော်၊ ချိုချဉ်၊ ချဉ်စပ်၊ ငါးရှဉ့်ခြောက်စပ်၊ ဝက်သားပေါင်း၊ ငါးခေါင်းဟင်းရည်၊ အာလူးအဆာသွတ်၊ ဘဲခြေသုပ်၊ ကြက်ကောက်ညှင်း နှင့် ရွှေဘဲ ခေါက်ဆွဲကြော် ကတော့ အနံ့ရတာနဲ့ ရွှေဘဲ ဆိုတာ သိကြတဲ့အထိ လူကြိုက်များပါတယ်။
"ရွှေဘဲ" ကို နှစ်ပေါင်း(၄၀)ကျော် တိုင်အောင် စားသုံးသူဧည့်သည်များက
👉 ဟင်းပွဲမြန်ဆန်မှု
👉 အရသာကောင်းမွန်မှန်ကန်မှု
👉 ဝန်ဆောင်မှု
👉 ဈေးနှုန်းသင့်တင့်မှု
စသည့်အချက်များနှင့် အသိမှတ်ပြုခဲ့ကြပါတယ်။

အမှတ်(၂၂၂/၂၂၄)၊
ကမ်းနားလမ်း နှင့် ရွှေဘုံသာလမ်းထိပ်၊
ပန်းဘဲတန်းမြို့နယ်၊
ရန်ကုန်။